အားလုံးပဲမင်္ဂလာပါ

Wednesday, 23 April 2014

Android ဖုန်းထဲက Application Software များ ဖွင့်သုံးလို့မရရင် Force လုပ်နည်း

ဒီနေ့ တင်ပေးလိုက်တဲ့ Android MOS Smart ဖုန်းဆိုင်ရာ နည်းပညာ ပို့(စ်) လေးကတော့ တစ်ချို့မိတ်ဆွေများ ကျနော်ကို ခဏခဏ လာမေးနေကြတဲ့ ပြဿနာလေးကို တင်ပြပေးလိုက်ပါတယ်။ Android ဖုန်းထဲတွင် Officaially ပါဝင်ပြီးသာ App Application Software များကို ၀င်ဖွင့်လိုက်ပြီး ခဏကြာမှ Auto ပိတ်/ရပ် သွားတာမျိုးတွေ ကို ကြုံဖူးကြမှာပါ ထိုနည်းတူ ဖြစ်နေတဲ့ Application ကို Force Stop လုပ်ပေးရပါမယ်။ ဆိုလိုတာကတော့ ထို Application လေးဟာ ခွန်အားမပြည့်သောကြောင့် Auto ပိတ်/ရပ် သွားတာဖြစ်ပြီး သူကို အရင်က ခွန်အား အတိုင်း ပြန်လည်းနေရာချပေးထားတာ မျိုးကို Force Stop လုပ်တယ် လို့ ပြောလို့ရပါတယ်။ လုပ်နည်းကို အောက်မှာ ပုံနဲ့ တကွ ရှင်းပြပေးပါတယ်။


မှတ်ချက် ။      ။Galaxy S4 နဲ့ ရှင်းပြပေးပါတယ်။ ထိုကြောင့် Android ဖုန်းတိုင်း တစ်ခုနဲ့ တစ်ခု ၀င်နည်း တူချင်မှတူမှာပါ ဒါပေမယ့် Applications Manager မှာတော့ တူနိုင်ပါတယ်။



ပထမ ပုံအတိုင်း Setting ထဲကို ၀င်ပါ။ ပြီးရင် Applications Manager/Manager Applicatios ကို ရှာပြီး ၀င်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။


ပုံပါအတိုင်း မိမိ Force Stop လုပ်ချင်တဲ့ Application ကို နှိပ်ပါ၊ Force Stop လုပ်ရင် Menu သစ်ပေါ်လာပါမည် ၊ ပြီးရင် Force Stop Button ကို နှိပ်ပေးလိုက်ပါ ၊ Output ထပ်ပေါ်လာရင် Ok Button ကို နှိပ်ပေလိုက်ပါ။ ပြီးမြောက်သွားပါပြီး>>>>>> 

No comments:

Post a Comment